IMEX (Myanmar) Co., Ltd. သည် Myanmar Yellow Pages ဟူသော ကုန်အမှတ်တံဆိပ်အမည် အမှတ်အသားနှင့် (Walking Fingers) လမ်းလျှောက်လက်ချောင်းများပုံပါအတိုင်း (Yellow Pages Logo) ၀န်ဆောင်မှု အမှတ်တံဆိပ် (Service Mark) ရန်ကုန်မြို့ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး၌ မှတ်ပုံတင်အမှတ် (၄/၁၁၃၈/၁၉၉၃) တို့အရ ၁၉၉၃ ခုနှစ်မှစ၍ မှတ်ပုံတင်ခဲ့ပြီး စဉ်ဆက်မပြတ်သုံးစွဲလာရာမှ ၂၀၀၁ ခုနှစ်တွင် မှတ်ပုံတင်အမှတ် (၄/၅၂၉၂/၂၀၀၁ နှင့် ၄/၅၂၉၃/၂၀၀၁) ထပ်ဆင့်မှတ်ပုံတင်ခဲ့ ပါသည်။ သတင်းစာမှတဆင့်လည်းကောင်း၊ ကြားခံမီဒီယာများဖြစ်သော ရေဒီယို၊ ရုပ်မြင်သံကြား၊ Internet, Website, Mobile မှတဆင့် အခါ အားလျော်စွာ ကြော်ငြာ၍လည်းကောင်း ကုမ္ပဏီ၏ မူပိုင်ဝန်ဆောင်မှု အမှတ်တံဆိပ်ဖြစ်ကြောင်း အများသိစေရန် အသိပေး ကြေငြာ ထားပြီး ဖြစ်ပါသည်။
IMEX (Myanmar) Co., Ltd. သည် အဆိုပါ ၀န်ဆောင်မှုအမှတ်တံဆိပ်ဖြစ်သော Myanmar Yellow Pages ကုန်အမှတ်တံဆိပ်အမည်အမှတ်အသားနှင့် Yellow Pages သင်္ကေတဖြစ်သော Walking Fingers Logo ကို အသုံးပြု၍ Myanmar Yellow Pages Directory ကို ၁၉၉၅ ခုနှစ်မှစတင်၍ နှစ်စဉ်ထုတ်ဝေဖြန့်ချိလာခဲ့ရာ ၂၀၁၈ ခုနှစ်တွင် (၂၃) ကြိမ်မြောက် Myanmar Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလမ်းညွှန်) စာအုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။
Myanmar Yellow Pages ဟူသော ကုန်အမှတ်တံဆိပ် အမည်အမှတ်အသားနှင့် လမ်းလျှောက် လက်ချောင်းများ Walking Fingers Logo အမှတ်တံဆိပ်အား အခြား မည်သူတစ်ဦးတစ်ယောက်မျှထပ်တူဖြစ်စေ၊ ဆင်တူယိုးမှားဖြစ်စေ တုပသုံးစွဲခွင့်မရှိကြောင်း ပြည်တွင်းထုတ်နေ့စဉ်သတင်းစာများ၌ ရှေ့နေမှတဆင့် သတိပေး ကြေငြာချက်များကို အကြိမ်ကြိမ် ထည့်သွင်းကြေငြာထားခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် စီးပွားရေးလုပ်ငန်းတချို့က Myanmar Yellow Pages လမ်းညွှန် အယောင် ဆောင်၍ ကြော်ငြာများကောက်ခံခြင်း၊ Yellow Pages စကားလုံး အမှတ်အသားကို အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် တုပသုံးစွဲ၍ လမ်းညွှန်စာအုပ်များ၊ Internet Website နှင့် Mobile App များတွင် ထည့်သွင်း အသုံးပြုခြင်းများ ပြုမူ ဆောင်ရွက် လာသည်ကို တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင် ကြော်ငြာရှင်များအနေဖြင့် မှားယွင်းဆုံးရှုံးမှုများ မဖြစ်စေရန်နှင့် ခွဲခြားသိရှိနိုင်စေရန် IMEX (Myanmar) Co., Ltd ၏ ၀န်ထမ်းများမှ ဖြန့်ဝေပေးသော Yellow Pages Logo (လမ်းလျှောက်လက်ချောင်းများ) အမှတ်တံဆိပ်ပါ Myanmar Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလမ်းညွှန်) စာအုပ်၊ Online ပေါ်တွင်လွှင့်တင်ထား သော ww.myanmaryellowpages.biz ၀ဘ်ဆိုဒ်၊ www.imexmyanmar.com ၀ဘ်ဆိုဒ်နှင့် Mobile App တွင်လည်း Myanmar Yellow Pages (IMEX (Myanmar) Co., Ltd.) တို့ ပါရှိမှသာ Myanmar Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလမ်းညွှန်) အစစ်အမှန် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Myanmar Yellow Pages လမ်းညွှန်စာအုပ်တွင် နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် ကြော်ငြာများ ထည့်သွင် ပေးခဲ့ကြပါသော လုပ်ငန်းရှင်များအားလုံး စီးပွားရေးလုပ်ငန်းများ အထူးတိုးတက်အောင်မြင်ပါစေကြောင်းနှင့် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုအပ်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
IMEX (Myanmar) Co., Ltd, the Copyright and Registered Owner of the name “Myanmar Yellow Pages” and its correlative pictorial Service Mark Logo of the “Walking Fingers” hereby issues a public notification concerning the above mentioned Trade Mark and Brand as shown below. IMEX (Myanmar) Co., Ltd has legally and officially registered “Myanmar Yellow Pages” and its pictorial Service Mark logo of the “Walking Fingers” as herein mentioned above, under Myanmar Reg. No. ( IV – 1138/1993 ), (IV- 5292/2001 ) ( IV- 5293/2001 ). This Copyright Trademark and Brand in all its aspects were registered at the Office of the Deeds, Yangon, Myanmar in 1993, 2001 and Public Notice was subsequently disseminated by IMEX (Myanmar) Co., Ltd. through advertisements on several occasions in newspapers as well through the radio, television and internet media.
There are numbers of cases have been reported in where the Yellow Pages logo and service have been unlawfully used. IMEX Myanmar Co., Ltd. is the only Yellow Pages company which is officially registered and recognized by the government of Myanmar with the official “Walking Finger” logo. If you have experienced or encountered with an unlawfully used Yellow Pages service or logo please notify us to the below address.