News & Events


မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပညာတော်သင် သွားရောက်သင်ကြားမည့် မြန်မာကျောင်းသူ/သားများအတွက် အထူးရည်ရွယ်ကျင်းပသော Study in Japan 2018 ပြပွဲအား ရန်ကုန်မြို့ Novotel Yangon Max တွင် သြဂုတ်လ ၁၈ရက် ယနေ့တွင် ကျင်းပလျက်ရှိပါတယ်။ ၎င်းပြပွဲတွင် ဂျပန်နိုင်ငံမှ နာမည်ကြီး တက္ကသိုလ်ကြီးမျာဖြစ်ကြသော Waseda University, Chibေ University, Shizuoka University, International University of Japan နှင့် Vocational (အသက်မွေးဝမ်းကြောင်းဆိုင်ရာ) ကျောင်းများ၊ Language ကျောင်းများ လာရောက် ပါဝင်ပြသလျက်ရှိပါတယ်။
၎င်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဂျပန်သံရုံး၏ ပညာတော်သင်ထောက်ပံ့အားပေးမှု၊ ဂျပန်သံရုံးမှရွေးချယ်သော အစိုးရထောက်ပံ့စရိတ်ဖြင့် ပညာသင်ကျောင်းသားရွေးချယ်သောစနစ် စသည်များကို မေးမြန်းစုံစမ်းနိုင်ပါတယ်။
Japan International Cooperation Agency (JICA) မှလည်း မြန်မာနိုင်ငံလူငယ်အစိုးရအရာရှိများနှင့် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းများကို ရည်ရွယ်သော ဂျပန်ပညာသင်ထောက်ပံ့မှုနှင့်ပတ်သက်၍ မေးမြန်နိုင်ပါတယ်။
Myanmar Association of Japan Alumni (MAJA) မှ EJU, JLPT, MAJA နှင့်ပတ်သက်၍ မေးမြန်းနိုင်ပါတယ်။
Okayama University Japan Educational Information Center, Myanmar (OJEIC) မှ မြန်မာပြည်တွင်းတွင် လျှောက်ထားနိုင်သော ဂျပန်ပညာသင်ထောက်ပံ့အားပေးမှု၊ ပညာသင်စရိတ်ထောက်ပံ့မှုနှင့် ပတ်သက်၍ မေးမြန်းနိုင်ပါတယ်။
ဒါ့အပြင် ဂျပန်ရိုးရာယဉ်ကျေးမှုများအား မိတ်ဆက်ခြင်း၊ ဂျပန်ပညာသင်အတွေ့အကြုံရှိသူများနှင့် ဆွေးနွေးနိုင်သော နေရာများလည်း စီစဉ်ထားပါတယ်။ Seminar တွင် ဂျပန်မှ တာဝန်ရှိသူများ၏ သတင်းအချက်အလက်အသစ်များလည်း ရရှိနိုင်ပါကြောင်း သိရှိရပါတယ်။ ဒါကြောင့် လက်လွတ်မခံသင့်ဘဲ သွားရောက်လေ့လာနိုင်ရန် IMEX (Myanmar) Co., Ltd. (Myanmar Yellow Pages) ဖိတ်ခေါ်အပ်ပါတယ်။

Category



IMEX (Myanmar) Co., Ltd.


IMEX(Myanmar) Co., Ltd was incorporated in 1993 as the sole publisher of the Myanmar Yellow Pages with the international trademark of the “Walking Finger”. The main goal of IMEX was to bring and expedite daily news on business and trade, promoting products and services and many more. IMEX (Myanmar) Co., Ltd is confident to fulfill and satisfy the requirements of the clients for achieving ultimate success in their business ventures.